ရေစိမ်ခံ Walkman အား ရေဘူးထဲ ထည့်သွင်းရောင်းချခဲသည့် Sony
Sony ရဲ့ Walkman အသစ်ကို ဝတ်ဆင်ပြီး ရေကူးပြခဲ့တာတောင် ရေစိမ်ခံတယ်ဆိုတာကို မယုံသေးဘူးလို့ ဆိုနေကြသူများအား ရေစိမ်ခံကြောင်း သက်သေပြသည့် အနေဖြင့် Walkman များအား ရေအပြည့်ထည့်ထားသည့် ဘူးများထဲ ထည့်သွင်းရောင်းချသည့် ကြော်ငြာ အစီအစဉ်တစ်ခုအား နူးဇီလန်နိုင်ငံ၌ ပြုလုပ်ခဲ့ပါတယ်။
ဤကြော်ငြာ အစီအစဉ်အား နူးဇီလန်အခြေစိုက် ကြော်ငြာကုမ္ပဏီ DraftFCG က တာဝန်ယူ ဖန်တီးပေးခဲ့ခြင်း ဖြစ်ပြီး လူအများ၏ နှစ်ခြိုက်အားပေးမှုအား ရရှိခဲ့ကြောင်း သိရှိရသည်။ ကြော်ငြာပုံစံမှာ W Series MP3 Walkman အား ရေအပြည့် ထည့်ထားသည့် ဘူးများထဲတွင် ထည့်သွင်းထားပြီး Walkman တံဆိပ် ရိုက်နှိပ်ထားသည့် Vending Machine များထဲ၌ ထည့်သွင်းထားခြင်း ဖြစ်သည်။
ဤ Walkman (W270) အား CES 2013 ပြပွဲကြီး၌ ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သော်လည်း Sony အနေဖြင့် ဈေးကွက်တိုးချဲ့ရန်နှင့် ရောင်းအားတက်စေရန် ဤကဲ့သို့ ဆန်းသစ်သည့် ကြော်ငြာအား ဖန်တီးခဲ့ခြင်း ဖြစ်သည်။
Sony အနေဖြင့် Walkman အား ယင်း၏ အဓိကပြိုင်ဖက် ဖြစ်သည့် Apple iPod Shuffle ထက် သာလွန်ကောင်းမွန်ပြီး ထူးခြားဆန်းသစ်ကြောင်း ပြသလိုခြင်းဖြစ်ပြီး သုံးစွဲသူများအတွက် နေရာမရွေး၊ အချိန်မရွေး၊ အခြေအနေမရွေး သုံးနိုင်သည့် MP3 Player ဖြစ်ကြောင်း သက်သေထူလိုက်ခြင်း ဖြစ်သည်။
No comments:
Post a Comment