Friday, February 21, 2014

iPhone 6 ဓာတ်ပုံ ထွက်ရှိ

iPhone 6 ဓာတ်ပုံ ထွက်ရှိ


iPhone 6 ရဲ့ ဓာတ်ပုံ ဖြစ်ပါတယ်ဆိုပြီးတော့ သြစတေးလျ အခြေဆိုက် Noted အမည်ရ နည်းပညာ သတင်း ဝဘ်ဆိုဒ်ရဲ့ Twitter စာမျက်နှာပေါ် မှာ ဖော်ပြလာခြင်း ဖြစ်ပါတယ်။ ယင်း ဓာတ်ပုံသာ တကယ် မှန်မယ်ဆိုရင် Apple ရဲ့ iPhone ဟာ အတော်ကြီးကို ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။

ပိုမို ပါးလွှာသွားမှာ ဖြစ်ပြီး စုစုပေါင်း ဓာတ်ပုံ ၆ ပုံထက် မနည်း ထွက်ရှိလာခြင်း ဖြစ်ပါတယ်။ Gorilla Glass ကို အသုံးပြုထားတဲ့ မျက်နှာပြင် ဖြစ်ကြောင်း ဆိုပါတယ်။ အရွယ် ၄.၇ လက်မနဲ့ ၅.၅ လက်မ အရွယ် ၂ မျိုး ၂ စား ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ Wall Street Journal ရဲ့ ဖော်ပြချက် အရကတော့ မျက်နှာပြင်ကြီးတဲ့ iPhone က ၅.၇ လက်မ ရှိမှာ ဖြစ်ကြောင်း ဆိုပါတယ်။ လာမယ့် ဇွန်လမှာ ထွက်ရှိမယ်လို့လည်း သတင်း ထွက်နေပါ တယ်။

iPhone 6 နဲ့အတူ Apple ရဲ့ အခြား ကုန်ပစ္စည်း အသစ်များလည်း ထွက်ရှိအုံးမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း
Smart Pro Journal

No comments:

Post a Comment