Friday, February 21, 2014

ဖုန်းလိုင်းတွေကောင်းဖို့ တာဝါတိုင်တွေဆောက်ဖို့ မြေပြဿနာ အစိုးရ ကိုင်တွယ်ဖြေရှင်းရမည်

ဖုန်းလိုင်းတွေကောင်းဖို့ တာဝါတိုင်တွေဆောက်ဖို့ မြေပြဿနာ အစိုးရ ကိုင်တွယ်ဖြေရှင်းရမည်


ဆက်သွယ်ရေးတာဝါတိုင်တွေ စိုက်မယ့် မြေနေရာနဲ့ မြေပိုင်ဆိုင်မှု အရှုပ်အထွေးတွေဖြစ်တာကြောင့် အစိုးရက အဓိကကိုင်တွယ်ဖြေရှင်းရမယ်လို့ Ericsson Myanmar ကုမ္ပဏီဥက္ကဌက ဖေဖော်ဝါရီ ၁၇ရက်နေ့မှာ ကျင်းပတဲ့ Myanmar Telecom Infrastructure Summit မှာ ပြောဆိုခဲ့ပါတယ်။

ဆက်သွယ်ရေးကုမ္ပဏီ၂ခု လိုင်စင်ရပြီမို့ တာဝါတိုင်တွေစိုက်ဖို့ မြေငှားရမ်းရမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် သူတွေ စိတ်အေးလက်အေးရှိဖို့ ဥပဒေနဲ့အညီ လုပ်ကိုင်ပေးရေး အရေးအကြီး စိန်ခေါ်မှုကြီးဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ၂ရက်ကြာ ကျင်းပနေတဲ့ ဒုတိယမြောက် Telecom ထိပ်သီးဆွေးနွေးပွဲကို အင်းလျားလိတ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေ ဖြန့်ကျက်ဖို့ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ပြည်တွင်းပြည်ပ ကုမ္ပဏိတွေ။ ပညာရှင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

လုပ်ငန်းလိုင်စင် ရရှိသွားတဲ့ တယ်လီနော်နဲ့ Ooredoo တို့ လုပ်ငန်းတွေစတင်ချိန်မှာ စီးပွားရေးအခွင့် အလမ်းတွေ အများကြီးပေါ်ပေါက်တာကြောင့် ပြင်ဆင်ထားကြဖို့လည်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က တိုက်တွန်းခဲ့ပါတယ်။

Ooredoo Myanmar အမှုဆောင်အရာရှိချုပ်က ဆက်သွယ်ရေး လိုင်စင်ရပြီးတာကြောင့် တာဝါတိုင်တွေ ထူထောင်ဖို့ဟာ စိန်ခေါ်မှုဖြစ်နေပြီး ပြည်နယ်နဲ့တိုင်း ဒေသဆိုင်ရာ အာဏာပိုင်တွေ ပူးပေါင်းဆောင် ရွက်ကြမယ်လို့ သူမျှော်လင့်တဲ့အကြောင်း ဆိုပါတယ်။

Kamayut Media

No comments:

Post a Comment