LG G flex မြန်မာပြည်မှာ ဝယ်နိုင်ပြီ
ကွေးကောက်လို့ရတဲ့ LG ရဲ့ G Flex စမတ်ဖုန်းကို သိတဲ့သူများ သိကြမယ် ထင်ပါတယ်။ ယခု အဲ့ဒီဖုန်းကို မြန်မာပြည်မှာ ဝယ်ယူ ရရှိ နိုင်ပါပြီ။ လက်တလော ဈေးက ၇၂၀၀၀၀ ကျပ် ဖြစ်ပါတယ်။
LG G flex က LG G2 ထက် ပိုမြင့်တဲ့ Specification များ ပါဝင် ပါတယ်။ အဓိက အထူးခြားချက် တစ်ခု ရှိပါတယ်။ အဲ့ဒါက Self Healing ပါ။ ဘယ်လို အစင်းရာ၊ ခြစ်ရာတွေပဲ ထင်ထင် သူ့ဘာသူ ပြန်ကောင်း နိုင်တဲ့ နည်းပညာ ပါဝင်ပြီးသား ဖြစ်ပါတယ်။
ဖုန်းကို ပျော့ပြောင်းတဲ့ အသွင်အပြင် ရှိအောင် အသုံးပြုတဲ့ ပစ္စည်းများက သာမန်ဖုန်းတွေနဲ့ မတူပါဘူး။ ဖန်သားမျက်နှာပြင်က အစ ဖြစ်ပါ တယ်။ နောက်ထပ် ထူးခြားချက်က ကွေးကောက်ပြီး Lock ချ၊ unlock လုပ်တဲ့ function တွေ၊ ဂိမ်းတွေ ပါဝင် ပါတယ်။
နဝေးဒေးလမ်းနဲ့ ရွှေဒဂုံဘုရားလမ်းထောင့်က The White House Collection က သတင်းပေးလို့ Smart က သိရှိရ ပါတယ်။ thewhitehouse.mm@gmail.com ကိုလည်း စုံစမ်း မေးမြန်း နိုင်ပါတယ်။
No comments:
Post a Comment