Friday, February 21, 2014

OneDrive မှ Free အဖြစ် 7GB အပြင် အပို 20GBထပ် ပေး

 OneDrive မှ Free အဖြစ် 7GB အပြင် အပို 20GBထပ် ပေး

မိုက်ခရိုဆော့ဖ်၏ Cloud Storage တစ်ခုဖြစ်သော SkyDrive ကို OneDrive ဟု ပြောင်းလဲမည်ဟု ပြီးခဲ့သော လက မိုက်ခရိုဆော့ဖ်မှ ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကဲ့သို့ကြေညာခဲ့စဉ်က OneDrive စတင်သုံးစွဲနိုင်လျှင် အသိပေးအကြောင်းကြားမည်ဟု email လိပ်စာများ ဖြည့်သွင်းထားကာ ကြိုတင်မှတ်ပုံတင်ထားနိုင်ခဲ့သည်။

မနေ့(၁၉-၂-၂၀၁၄ ) တွင် OneDrive စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း email ဖြင့် အသိပေးအကြောင်းကြားလာခဲ့သည်။ Free အဖြစ် 7GB ရရှိနိုင်မည်ဖြစ်သည်။ယနေ့တွင် OneDrive မှ ယင်းကဲ့သို့ ကြိုတင်မှတ်ပုံတင်ထားသူများအနေဖြင့် စိတ်ဝင်စားမှုကို အသိအမှတ်ပြုသော Enthusiast Bonus အဖြစ် 20GB အပိုထပ်ဆောင်းပေးလိုက်သည်။

ထို့ကြောင့် OneDrive တွင် Free အဖြစ် 27 GB သိုလှောင်နိုင်မည်ဖြစ်ကာ Enthusiast Bonus အဖြစ်ပေးအပ်ထားသော 20 GB သည် တစ်နှစ်တာ Valid သုံးစွဲနိုင်မည်ဖြစ်ပြီး Cloud Storage များကို မိမိတို့ ကြိုက်နှစ်သက်သလောက် နှစ်စဉ်ကြေးပေးကာ ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။

No comments:

Post a Comment