Friday, February 21, 2014

Flappy Bird မိုဘိုင်းဂိမ်း တစ်ရက်လျှင် ဒေါ်လာ ၅၀,၀၀၀ ရရှိနေ

Flappy Bird မိုဘိုင်းဂိမ်း တစ်ရက်လျှင် ဒေါ်လာ ၅၀,၀၀၀ ရရှိနေ


စမတ်ဖုန်းဂိမ်းများထဲမှ Flappy Bird ဟုအမည်ရသည့် ဂိမ်းအသစ်သည် တစ်ရက်လျှင် ဝင်ငွေဒေါ်လာ ၅၀,၀၀၀ ခန့်ရရှိနေကြောင်း ဗီယက်နမ်နိုင်ငံသား developer Dong Nguyen ကပြောကြားသွားခဲ့သည်။ အဆိုပါ ဂိမ်းကို ၂၀၁၃ ခုနှစ် မေလတွင် စတင်လွှင့်တင်ခဲ့ပြီး စက်တင်ဘာလတွင် update ပြုလုပ်ခဲ့ကြောင်း သိရသည်။

Flappy Bird သည်ကြော်ငြာများဖြင့် အဓိကရပ်တည်နေကာ မိမိအနေဖြင့် ယခုအတိုင်းသာ ဆက်လက်လုပ်ကိုင်ရန် ဆန္ဒရှိကြောင်း Nguyen ကပြောကြားခဲ့သည်။ Flappy Bird အနေဖြင့် တစ်ခုခုထည့်သွင်းပေါင်းစပ် လိုက်မည်ဆိုပါက ဂိမ်းအကြီးအကျယ် ပျက်စီးသွားနိုင်ဖွယ်ရှိပြီး မိမိအနေဖြင့် ယခုအတိုင်းအတာသာ ထားစေလိုကြောင်း၊ မိမိအနေဖြင့် နောက်ဂိမ်းအဆက်များ ထုတ်ရန်စဉ်းစားဖွယ်ရှိပြီး Timeline ကိုမူပြောင်းလဲမည် မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။


Flappy Bird ဂိမ်းကို download ပြုလုပ်သည့်အကြိမ် သန်း ၅၀ ခန့်ရှိပြီး App store တွင် reviewများ ၄၇,၀၀၀ ရရှိထားပြီဖြစ်ကာ ရရှိထားသည့် review အများစုမှာ ကြယ်ငါးပွင့် သတ်မှတ်ချက်များဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment